မန္တလေးမြို့က အောက်ဆီဂျင်အခမဲ့ ဖြည့်ပေးတဲ့နေရာတခုမှာ ဇူလိုင်လ ၁၄ ရက် မနက်ပိုင်းက ဒေသခံပြည်သူတွေ အောက်ဆီဂျင်ရဖို့ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။
အောက်ဆီဂျင်ထည့်ပေးတာကို မနက် ၇ နာရီမှာ စတင်မှာဖြစ်ပေမယ့် အောက်ဆီဂျင်ရဖို့အတွက် မနက် ၅ နာရီလောက်ကတည်းက စီတန်းစောင့်ဆိုင်းနေကြတာပါ။
မန္တလေးမြို့မှာ တနေ့ထက်တနေ့ ကိုဗစ်လူနာတွေ တိုးလာသလို အောက်ဆီဂျင် လိုအပ်မှုကလည်း တိုးလာပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး အောက်ဆီဂျင်ကျလို့ သေဆုံးသူဟာဆိုရင် အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ တစ်ရက်ကို လူ ၂၀ ကနေ ၃၀ လောက်သေဆုံးမှုရှိတယ်လို့ ပရဟိတအဖွဲ့တွေကနေ သိရပါတယ်။