တာဂျစ်ကစ္စတန်တွင် ငလျင်ကြောင့် လူ ၅ ဦး သေဆုံး
DVB
·
July 11, 2021
တာဂျစ်ကစ္စတန်နိုင်ငံမှာ ဇူလိုင် ၁၀ ရက်က ငလျင်လှုပ်လို့ လူ ၅ ဦး သေဆုံးတယ်လို့ တာဂျစ်အရေးပေါ်အခြေအနေများကော်မတီက ပြောပါတယ်။
ငလျင်ဟာ မြို့တော်ဒတ်စ်ဟန်ဘေရဲ့ အရှေ့မြောက်ဘက် ၁၆၅ ကီလိုမီတာ အကွာ မြေအောက် ကီလိုလေးဆယ် အနက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။
တာဂျစ်ကစ္စတန်နိုင်ငံ၊ ရပ်ရှ်ထ်မြို့ အရှေ့ဘက် ၁၇မိုင် အကွာမှာ အင်အား ရစ်ချတ်တာ စကေး ၅ ဒသမ ၉ နဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ဥရောပ မြေထဲပင်လယ် ငလျင်ဌာနက ပြောပါတယ်။