စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်တွေက တောထဲအထိ လိုက်လံ ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
အုံမ္မ ညောင်လှကျေးရွာဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေက ယင်းကျေးရွာအုပ်စု အနီးသို့ ရောက်ရှိလာကာ ပစ်ခတ်ခဲ့တာလို့ စစ်ရှောင်နေရတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။
“တောတောင်တွေထဲ ကြောက်လန့်လို့ ပုန်းခိုနေတဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်တယ်ဗျ။ သူတို့ပစ်လို့ အသက်လုပြီး ပစ္စည်းတွေ ပစ်ပြေးရတယ်ဗျ။ အဲဒါ ကျနော်တို့ ကျန်ခဲ့တဲ့ ဆိုယ်ကယ်တွေ၊ ပစ္စည်းတွေ၊ မိုးကာတဲတွေ အကုန်လုံး မီရှို့ ကြတယ်ဗျာ။”
ကနီမြို့နယ် မြောက်ဖျားဒေသဖြစ်တဲ့ ကင်းရွာ ၊ မိချောင်းတွင်းရွာ၊ ကဲတောင်ရွာ၊ အုမ္မရွာ၊ ယင်းရွာ ၊ သစ်ခက်ရွာစတဲ့ဒီကျေးရွာတွေဟာ ကနီမြို့နယ်မှာ တိုက်ပွဲတွေစဖြစ်ကတည်းက ကုန်းလမ်း ရေလမ်းတွေ သွားလာမရတာကြောင့် နေအိမ်တွေမှာသာမက ဈေးဆိုင်တွေမှာပါ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။
ကနီမြောက်ဖျား ကျေးရွာ နှစ်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က တပ်စွဲထားကာ နယ်မြေလုံခြုံရေးလို့ပြောဆိုပြီး အပစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် ပစ္စည်းလုတာတွေ နေ့စဉ် လိုလို ပြုလုပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။