မြင်းခြံမြို့နယ်က စစ်ကောင်စီသတင်းပေးအမျိုးသမီး ၁ ဦး ဓားထိုးခံရ၍ သေဆုံး
DVB
·
July 5, 2021
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွှေပေါ်ကျွန်းရွာမှာ သတင်းပေးဒလန်လို့ အမည်ထွက်နေသူ မမြမြစိုးဟာ အမည်မသိသူတွေက ဓားနဲ့ထိုးလို့ ဇူလိုင် ၄ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
“ဒီနေ့ (ဇူလိုင် ၄ရက်) နေ့လယ် ၃ နာရီလောက်ကဖြစ်တာ။ အဲဒီ ဒလန်မ ဓားနဲ့အထိုးခံရလို့ ခုတော့ သေပြီ'' လို့ ကျေးရွာဒေသခံတစ်ယောက်က ပြောပါတယ်။
ခြင်းခြံမြို့မှာ ပြောက်ကျားတပ်ဖွဲ့တွေက ဒလန်တွေကို အဓိကသုတ်သင်နေတာရှိပေမဲ့ အခုဖြစ်စဉ်ကိုတော့ ဘယ်ဖွဲ့အစည်းက သူတို့ ပြုလုပ်တယ်ဆိုတာကို သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။