ကလေးမြို့မှာ ဇူလိုင် ၃ ရက်နေ့ညနေပိုင်းက ကိုဗစ်-၁၉ လူနာ ၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကွာရန်တင်းစင်တာမှာ ပရဟိတလုပ်ကိုင်သူတစ်ဦးက “အခုညနေပိုင်း ကိုဗစ်ပိုးတွေ့သူ ၄ ဦး ထပ်မံသေဆုံးတယ်။ အခုသေဆုံးလူနာတွေက ကျနော်တို့ ကိုဗစ်ကွာရန်တင်းစင်တာက ၂ ဦး၊ ပြည်သူ့ဆေးရုံမှ ၂ ဦး သေဆုံးသွားခဲ့တယ်” လို့ ပြောပါတယ်။
ကိုဗစ်- ၁၉ တတိယလှိုင်းကာလ ကလေးမြို့မှာ သေဆုံးမှုနှုန်း မြင့်တတ်နေသောကြောင့် စျေးအချို့ကိုလည်း ယာယီပိတ်ထားပြီး အိမ်ဆိုင်အချို့လည်း ပိတ်ထားရတယ်လို့ သိရပါတယ်။
Stay at Home ကြေညာထားတဲ့ ကလေးမြို့မှာ ကိုဗစ်-၁၉ ကြောင့် ကလေးမြို့ပြည်သူဆေးရုံကြီးမှာ သေဆုံးသူ ၅၀ ရှိပြီး ပြည်သူ့ဆေးရုံစာရင်းတွေအရ သိရပါတယ်။
ပရဟိတလုပ်ကိုင်သူတစ်ဦးက “ကလေးမြို့မှာ ဇူလိုင် ၄ ရက်နေ့အထိ ကိုဗစ်ကူးစက်သူ ၁၁၀၀ ရှိတယ်။ ဆေးရုံကနေ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသူ ၉၀၀ ရှိတယ်၊ အပြင်စာရင်းတွေ ကျနော်တို့မသိဘူး၊ ဒါတွေက ပြည်သူ့ဆေးရုံနဲ့ ကိုဗစ် ကွာရန်တင်းစင်တာ စာရင်းတွေဖြစ်တယ်” လို့ ပြောပါတယ်။
ဟုမ္မလင်းမြို့မှာလည်း ဇူလိုင် ၃ ရက်နေ့ညနေပိုင်းက ကိုဗစ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသူ ၂ ဦး ရှိလာပြီလို့ သိရပါတယ်။
ဟုမ္မလင်းမြို့မှာ ဇူလိုင် ၄ ရက်နေ့မနက်ပိုင်းထိ ကိုဗစ်ကူးစက်သူ ၃၃၂ ဦးရှိပြီး ဆေးကုသခံယူသူ ၂၈၄ ဦးနဲ့ ဆေးရုံဆင်းသူ ၄၆ ဦး ရှိတယ်လို့ ဟုမ္မလင်းပြည်သူ့ဆေးရုံစာရင်းတွေအရ သိရပါတယ်။
မြို့နယ် ၂ ခုလုံးမှာ လက်ရှိ ဆရာဝန်နဲ့ အောက်ဆီဂျင်မလုံလောက်မှု အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။