မန္တလေး ကျုံးရေပြင်ထဲ ရေဆင်းချိုးသည့် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး
DVB
·
June 30, 2021
မန္တလေးမြို့ ၂၆ လမ်း၊ ၇၈ လမ်း ကျုံးရေပြင်ထဲ ရေဆင်းချိုးတဲ့ စစ်ကောင်စီတပ်သား ၁ ဦး ရေနစ်သေဆုံးမှု ဇွန်လ ၃၀ ရက် ညနေ ၄ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။
ရေနစ်သူဟာ အမှတ် ၂ တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်းမှာ တာဝန်ကျနေတဲ့ တပ်သား နိုင်လင်းကျော်ဖြစ်ပြီး နေ့လယ် ၃ နာရီခွဲ လောက်က ကျုံးဘေးမှာ အစောင့်ကျနေတဲ့ စစ်ကောင်စီ တပ်သားတွေဆီ အလည်လာရင်း ကျုံးရေပြင်ထဲ ရေဆင်းချိုးတာလို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေရာ ညနေ ၆ နာရီကျော်လောက်မှာ သေဆုံးလျက် ပြန်လည်ရှာတွေ့ခဲ့ပါတယ်။