Home
မြန်မာသတင်း
၅ လနီးပါးအတွင်း စစ်တပ်ပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၈၃ ဦးရှိလာ
DVB
·
June 28, 2021

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျ ဆုံးပြည်သူ ၈၈၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၃၈၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၁၈၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၂၁ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၆ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၄၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၂၅ ယောက်ကတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၇ နှစ်စီ၊ ၁ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်နေ့ ညနေက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သားအဖ နှစ်ယောက်ထဲက  သားဖြစ်သူ မောင်ဇော်ထက်ဟာ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ကွယ်လွန် သွားပြီဖြစ်ကြောင်း မိသားစုဆီ နောက်တနေ့မှာ အကြောင်းလာတယ်လို့ သိရှိရပါတယ်။ မောင်ဇော်ထက်ဟာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သာ ကျဆုံးသွားတာဖြစ်ကြောင်း သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တရက်တည်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ည ၉ နာရီအချိန်က အ ရပ်သားတယောက်ဖြစ်သူ ကိုနိုင်ဝင်းဦးဟာ ဂိုထောင်သော့ မေ့ကျန်ခဲ့လို့ ပြန်ယူချိန် အ ကြမ်းဖက်စစ်အုပ်စုက အမေးအမြန်းမရှိဘဲ ပစ်ခတ်ခဲ့တာကြောင့် ကျဆုံးသွားခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဇွန် ၂၆ ရက် ညနေပိုင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့က သ တင်းထောက်တယောက်ဖြစ်သူ ကိုစောပြည့်ချမ်းသာကို  အကြမ်းဖက်စစ်အုပ်စုက ဖမ်း ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာတော့ အင်ဂျင်နီယာ ဦးစံလွင်နဲ့ သားဖြစ်သူ ကို လင်းလက်အောင်တို့ဟာ ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်လာတယ်ဆိုတဲ့ သတင်း မှားပေးတိုင်ကြားခံရမှုကြောင့် ဇွန် ၂၅ ရက်နေ့ ညအချိန်မှာ ရိုက်နှက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ် အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်း ကြားဖို့လည်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024