မော်လမြိုင်တက္ကသိုလ်မှာ ကျောင်သား၊ ဆရာနဲ့ ရုံးဝန်ထမ်းတွေမှာပါ လူအစုံအပြုံအလိုက် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရတယ်လို့ မော်လမြိုင်တက္ကသိုလ်သတင်းအဖွဲ့က ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုအရ မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်တည်ပြုလူနာ ၁၀၀ ကျော်ထိ ရှိလာခဲ့ပြီး ကျောင်းသူတွေ နေထိုင်တဲ့ အင်ကြင်းအဆောင်မှာဆိုရင် တဆောင်လုံးနီးပါး ရောဂါကူးစက်ခံထားရတာပါ။
ရောဂါပိုး ကူးစက်ခံထားရသူတွေထဲမှာ အင်ကြင်းဆောင် အဆောင်မှူးဖြစ်သူ ရူပဗေဒဌာနမှ တွဲဖက်ပါမောက္ခ တစ်ဦးလည်း ပါဝင်နေတာပါ။
မော်လမြိုင်တက္ကသိုလ်မှာ အစုအပြုံလိုက် ကိုဗစ်ရောဂါပိုး တွေ့ရှိနေပေမဲ့ ကျောင်းအာဏာပိုင်တွေက စာမေးပွဲဖြေဆိုတာ ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်ဖြေဆိုခိုင်းနေတယ်လို့ ဆိုပါတယ်။
ကျောင်းအာဏာပိုင်တွေကတော့ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရတဲ့ အခြေအနေကို ဒီနေ့အချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိဘဲ သတင်းအမှောင်ချထားဆဲ ဖြစ်ပါတယ်။