လွိုင်ကော်မြို့တွင်း ပစ်ခတ်မှုဖြစ်ပြီး လူနေအိမ်တချို့ပျက်စီး

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဇွန်လ ၂၅ ရက်နေ့ညက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တချို့ ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လွိုင်ကော်မြို့ ဧက ၅၀၀ ဘက်မှာ မနေ့ည ၉ နာရီ ၁၀ မိနစ်ကစပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးတာမရှိပေမဲ့ လူနေအိမ်တချို့ ပျက်စီးသွားတာလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

“အဲဒီလက်နက်ကြီး၊ သေနတ်မှန်တဲ့အိမ်တွေကလည်း လူမရှိဘူး။ ဟိုအရင်တခေါက် ဖြစ်ကတည်းက ရှောင်သွားကြတာပေါ့။ လူမရှိလို့ပေါ့။ လူရှိလို့ရှိရင်တော့ လူလည်း သေဆုံးမှုရှိမယ်လို့တော့ မြင်တယ်။”

အပြင်ထွက်သွားလာလို့မရတာကြောင့် နေအိမ်ဘယ်နှလုံး ထိခိုက်သွားလဲဆိုတာ အတိအကျ မပြောနိုင်သေးကြောင်းလည်း ပြောပါတယ်။ 

“ပစ်တာက စစ်ကောင်စီဘက်ကပဲ ပစ်တာ၊ နှစ်ဖက် ပစ်ခတ်မှုမရှိဘူး။ ဘာလို့လဲဆိုတော့ သေနတ်သံက နှစ်မျိုး မထွက်ဘူးလေ။ ဟိုအရင်တခေါက်ကလိုပဲလေ။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ နေအိမ်တော့ ပျက်စီးသွားတယ်။  သေကျေတာတော့ မရှိဘူး။ ”

လွိုင်ကော်မြို့တွင်းမှာ ဇွန်လ ၉ ရက်နေ့ကလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နမ့်ဘော်ဝါ(က) ရပ်ကွက် လူနေအိမ်တလုံးပေါ်မှာ လက်နက်ကြီးကျည် ကျရောက်ခဲ့လို လူငယ်တဦး သေဆုံးခဲ့ရသလို တဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up