မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လက်ပံနွယ်ကျေးရွာမှာ ဇွန် ၂၆ ရက်နေ့မနက်ပိုင်းက အမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ပံနွယ်ကျေးရွာက ဒလန်တွေက လက်နက်တွေရှိတယ်ဆိုပြီး သတင်းပေးတာကြောင့် မနက် ၁ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီးတော့ ရွာမြောက်ပိုင်းက ကိုမောင်စိုးကို ဖမ်းဆီးသွားတာလို့ ရွာခံတစ်ယောက်က DVB ကို ပြောပါတယ်။
ဒါ့အပြင် လက်ပနွယ်ကျေးရွာအုပ်စု၊ နံကပ်အပိုင်းမှာ နေထိုင်တဲ့ ကိုကျော်နိုင်ဦး နေအိမ်ကိုလည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ ဝိုင်းဝန်းရှာဖွေပမဲ့ ကိုကျော်နိုင်ဦးကို တွေ့မသွားဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ဒီရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ်ထဲမှာ ဖမ်းဆီးတာတွေ ခပ်စိပ်စိပ် ပြုလုပ်နေတာကြောင့် ဘေးလွတ်ရာတိမ်းရှောင်ပြီးတော့ သတိပြုနေထိုင်ကြဖို့လည်း ဒေသခံတွေက တိုက်တွန်းထားပါတယ်။