ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေ ရဲစခန်းမှာ ဒီနေ့အထိ အာဏာဖီဆန်ရေး (CDM) မှာ ပါဝင်လာတဲ့ အရာရှိ တစ်ဦးအပါအဝင် ၄ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။
"ပထမဦစဆုံး ရဲတပ်သားသီဟဇော်ကတော့ CDM လို့ တရားဝင်ကြေညာပြီး လုပ်သွားပေမယ့် ဒုရဲအုပ် ရဲမျိုးနိုင်၊ ရဲမေ ခင်မြတ်မွန်၊ ရဲတပ်သား မျိုးလှိုင်ဝင်းတို့ကတော့ ဆက်မလုပ်ချင်လို့ ထွက်ခွာသွားကြတာ” လို့ စခန်းနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပဲနွယ်ကုန်း စခန်းမှာ မတရားဖမ်းဆီးခံရသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ တရားစွဲခံ ထားရသူ ၈ ဦး၊ ရက်စက်စွာ ပစ်သတ်ခံရသူ တစ်ဦးနဲ့ အပြင်းအထန် ဒဏ်ရာရသူ တစ်ဦးအထိ ရှိပါတယ်။