စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၀၆ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ
DVB
·
June 24, 2021
စစ်အာဏာရှင် အမြစ်ပြတ်ဖြုတ်ချရေး ၁၀၆ ရက်မြောက်နေ့အဖြစ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေပြည်သူတွေ စုပေါင်းပြီး ဇွန်လ ၂၄ ရက်နေ့က ဆက်လက်ဆန္ဒပြကြပါတယ်။
ဆန္ဒပြပွဲကို မုံရွာ-ပုသိမ် ကားလမ်းတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ကြသလို ထိုင်သပိတ်ကိုပါ ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ဟောပြောခဲ့ကြတာပါ။