Home
မြန်မာသတင်း
အခြေခံလူတန်းစားများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးလှူဒါန်းရန် အကြွေကမ်ပိန်း ပါဝင်နိုင်
DVB
·
June 23, 2021

လတ်တလောကာလမှာ အလုပ်အကိုင်တွေ ခက်ခဲနေကြတဲ့ အခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လှူဒါန်းဖို့ အကြွေကမ်ပိန်းမှာ ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

ဒီကမ်ပိန်းကတော့ ခက်ခဲနေကြတဲ့ အခြေခံလူတန်းစားတွေကို တကယ်ကူညီ ထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေအတွက် အလှူငွေတွေကို ကူကောက်ပေးတာလို့ ဆိုပါတယ်။

အလှူငွေအနေနဲ့ အကြွေကိုသာ လှူရမှာဖြစ်တဲ့အတွက် mBanking တွေနဲ့ အလှူငွေ လက်ခံမှာမဟုတ်ဘဲ KPay နဲ့ Wave Pay ကိုပဲသုံးပြီး အလှူငွေ လက်ခံမယ်လို့ ဆိုပါတယ်။

ပါဝင်ကူညီလှူဒါန်းလိုသူတွေအနေနဲ့ Yi Chit (Wave Pay) 09794602388 နဲ့ Lae Lae Wutt Yee(KBZ Pay) 09952014818 အကောင့်တွေကတဆင့် လှူဒါန်းနိုင်မှာဖြစ်ကာ အလှူခံလို့ ရသမျှ အလှူငွေတွေကို အခြေခံလူတန်းစားတွေအတွက် ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူဦးရေ ၃ သန်းခွဲလောက်ဟာ လာမယ့် ၃ လကနေ ၆ လ လောက်အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program က သတိပေးထားပါတယ်။

စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာရယ်၊ စက်ရုံ အလုပ်ရုံတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့နောက်မှာ အလုပ်လက်မဲ့တွေ တိုးပွားလာနေတာရယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မူတွေကြောင့် စီးပွားရေးကျဆင်းမှု ပိုမိုဆိုးရွားလာနေပြီးတော့ လူမှုဘဝ အကျပ်အတည်းတွေ ပိုဆိုးလာစေတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံစီးပွားရေးအခြေအနေဟာ ပြီးခဲ့တဲ့  ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရပြီးသား ဖြစ်နေတယ်လို့လည်း WFP က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကစလို့ အခြေခံစားသောက်ကုန် ဆန်နဲ့ ဆီ ဈေးတွေဟာ ၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာခဲ့ပြီး စီးပွားရေးမြို့တော် ရန်ကုန်မှာတောင် အစားလျှော့စားနေရတာတွေ၊ အာဟာရရှိတဲ့အစားအစာ မစားနိုင်တာတွေ၊ အကြွေးတင်နေကြတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024