ကျဆုံးသွားတဲ့ MDY-PDF တပ်ဖွဲ့ဝင် ညီအစ်ကိုတွေအတွက် လက်တုံ့ပြန်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မကွေး)၊ (ပဲခူး) နဲ့ (ရန်ကုန်)တို့ ပူးပေါင်း ကြေညာချက်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (Yangon)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပဲခူး)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မကွေး) တို့ရဲ့ သဘောတူညီချက်တွေကို ဇွန်လ ၂၂ ရက်နေ့ ရက်စွဲ့နဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။
ဇွန်လ ၂၂ ရက်နေ့မှာ ကျဆုံးခဲ့ရတဲ့ MDY-PDF အဖွဲ့က ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း နဲ့ ရဲဘော်ရဲဘက် ညီအကိုတွေရဲ့ ပေးဆပ်မှုအတွက်ဂုဏ်ယူမိပြီး ရဲဘော်ရဲဘက် ညီအကိုတွေအတွက် ပြန်လည် လက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
မိဘပြည်သူတွေအနေနဲ့ PDF တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေ တိုက်ပွဲဖြစ်ပွားပါက PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှူတွေကို Facebook ပေါ်ကို Live လွှင့်တာ၊ Post တင်တာ မပြုလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
မြို့တွင်းပြောက်ကျားစနစ် (သို့မဟုတ်) စစ်ကောင်စီတပ်တွေနဲ့ မြို့နယ်၊ တိုင်းတစ်ခုခုက PDFအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါက ကျန်ရှိနေတဲ့ မြို့နယ်နဲ့ တိုင်းတွေက PDF အဖွဲ့ တွေကလည်း သက်ဆိုင်ရာ မြို့နယ်၊တိုင်းအလိုက် ဝိုင်းဝန်းတိုက်ခိုက်ဖို့ အစည်းအဝေးဆုံးဖြတ်ချက်ကို ပူးတွဲ သဘောထားထုတ်ပြန်ထားတာဖြစ်ပါတယ်။