ကချင်ပြည်နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ရင်းတချို့မှာ အရာရှိကတော်တွေနဲ့ မိသားစုတွေဟာ ကေအိုင်အေရဲ့ တိုက်ခိုက်မှုတွေကိုကြောက်လို့ တပ်တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေ ကြတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
အောက်ခြေစစ်သည်တွေရဲ့ အမျိုးသမီးတွေနဲ့မိသားစုတွေကိုတော့ နေရပ်ပြန်ရင် ယောကျ်ား ဖြစ်သူတွေကို အချုပ်ချထားမယ်လို့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ တပ်ရင်းပေါင်း ၅၀ ကျော်ရှိပြီး တပ်တွင်းနေ မိသားစုအားလုံးနီးပါး တပ်ပြန်ထွက်ခွင့် ပိတ်ခံထားရသလို ခွင့်ပြန်တာတွေကိုလည်း ပိတ်ပင်ထား ပါတယ်။
စစ်တပ်ကအာဏာသိမ်းမှုကိုလက်မခံတဲ့ တပ်မတော်အရာရှိတစ်ယောက်က “ ဒါဟာ တပ်ထဲက တပ်မတော်သားမိသားစုတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာဖြစ်လို့ တပ်ထဲကနေရတဲ့ နည်းနဲ့ မြန်မြန်ထွက်ခွာသင့်ပြီ” လို့ ပြောပါတယ်။
တပ်မတော်သားအရာရှိစစ်သည်တွေအနေနဲ့ ပြည်သူဘက်က ရပ်တည်သင့်ပြီလို့လည်း တိုက်တွန်း ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ အကြားတိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။