မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ပြည်သူ့ဆေးရုံမှာ ဇွန်လ ၂၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာ ၂ ဦးရှိနေပြီလို့ ဒေသခံ ပရဟိတ အဖွဲ့တွေဆီက နေသိရပါတယ်။
ဂန့်ဂေါခရိုင်ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၅၀ လောက်ရှိနေပြီးတော့ သေဆုံးတဲ့သူ ၂ ယောက်ရှိနေပြီလို့ အကူညီပေးနေတဲ့ ပရဟိတ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ဆေးရုံမှာ လက်ထောက်ဆရာဝန် တစ်ယောက်သာ ဆေးဝါးတွေလာပို့ပြီးတော့ သီးခြားကုမပေးဘဲ ကျန်းမာရေးစောင့်ရှောက်မှု အလွန်နိမ့်ကျနေသလို ရေရှားပါးကာ ဆေးရုံက ရေတွေက သန့်ရှင်းမှု မရှိဘူးလို့လည်း ဆိုပါတယ်။
ဂန့်ဂေါမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေရှိလာပေမယ့် ပြည်သူလူထုကြား သတင်းထုတ်ပြန်ပေးတာတွေမရှိသလို စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ အတည်ပြုစာရင်းမှာလည်း လုံးဝပါလာတာ မတွေ့ရဘူးလို့ မြို့ခံတွေက ပြောပါတယ်။