မုံရွေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ရွာသား ၁ ဦးကို ဓားဖြင့်ခုတ်
DVB
·
June 22, 2021
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာမှာ ဇွန်လ ၂၂ ရက် နေ့ခင်းပိုင်းက စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ရွာသားတစ်ယောက်ကို ဓားနဲ့ခုတ်လို့ ရွာသား သေဆုံးသွားပါတယ်။
ဓားခုတ်ခံရတဲ့ ရွာသားဟာ အုပ်ချုပ်ရေးမှူးနဲ့ စကားများပြီးနောက် အခုလို ဓားနဲ့ခုတ်ခံရကာ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးဟာ ဓားခုတ်မှုဖြစ်စဉ်အပြီးမှာ စစ်တပ်ကို လှမ်းခေါ်ခဲ့တဲ့အတွက် စစ်တပ်တွေ ရောက်လာခဲ့ပြီး အခုညနေပိုင်းမှာတော့ စစ်ကားတွေ ရွာကနေ ပြန်ထွက်ခွာသွားပြီလို့ လည်း ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။