ရန်ကုန်တိုင်းအတွင်း ပြည်သူ ၃ သိန်းကျော်ကို WFPက စားနပ်ရိက္ခာပေးအပ်

Photo : WFP Myanmar

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ရန်ကုန်တိုင်းထဲက လိုအပ်နေတဲ့ ပြည်သူ  ၃ သိန်းကျော်ဆီကို စားနပ်ရိက္ခာတွေ ပေးအပ်နိုင်ခဲ့ပြီလို့ ရန်ကုန်အခြေစိုက် ကုလရုံးက ထုတ်ပြန်ပါတယ်။

လှိုင်သာယာမြို့နယ်ထဲက နေထိုင်မှုအတည်တကျမရှိသူ၊ ဆင်းရဲနွမ်းပါးဆုံး လူဦးရေ ၃၃၄,၀၀၀ ဆီကို တလစာဆန်တွေ ဖြန့်ဝေတာဖြစ်ပြီး မကြာခင်မှာ ထပ်ပြီးဖြန့်ဝေပေးဦးမယ်လို့ ဆိုပါတယ်။

ဒဂုံဆိပ်ကမ်းမှာလည်း မကြာခင်ဆန်တွေ ဖြန့်ဝေမှာဖြစ်ပြီး လူတွေလက်ထဲအရောက်ပို့ပေးတာလို့လည်း ဆိုပါတယ်။

ဒါဟာ WFP ရဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးစီမံကိန်းတခုဖြစ်တဲ့ လူဦးရေ ၂ သန်းဆီကို စားနပ်ရိက္ခာဖြန့်ဝေနေတာဖြစ်ပါတယ်။

WFP အနေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာပေးနေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ရပ်မသွားဘဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီး တိုးပေးနေတယ်လို့ WFP တာဝန်ရှိသူတယောက်က ပြောပါတယ်။

မေလတုန်းကလည်း ကချင်၊ ချင်း၊ ရခိုင်နဲ့ရှမ်းပြည်နယ်က စားနပ်ရိက္ခာအခက်အခဲရှိသူ လူဦးရေ ၃၄၀,၀၀၀ ဆီကို အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ ဒါမှမဟုတ် ငွေကြေးအကူအညီတွေ ပေးခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up