ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ကင်းမရွာ ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ငွေကျပ် ၁၈၂ ဒသမ ၆ သိန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဒီအလှူငွေတွေကတော့ ကိုရီးယားနိုင်ငံ Civilian Fellowship for International Exchange ကနေ လှူဒါန်းခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေဆီ အလျင်အမြန်ရောက်ရှိဖို့အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးခဲ့တာလို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့ ကင်းမကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ ၂၀၀ လောက် ဆုံးရှုံးပျက်စီးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့ တိရိစ္ဆာန် ကျွဲ၊နွားတွေပါ အသက်ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်လူဦးရေ ၁၀၀၀ လောက် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေကြရပါတယ်။