အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဇွန်လ ၁၅ ရက်နေ့ကတည်းက တရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့တဲ့ မကွေးတိုင်း ကင်းမရွာရဲ့ အခြေအနေဟာ ဇွန်လ ၂၀ ရက်နေ့အထိ မီးအကြွင်းအကျန်တွေ လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။
ဒေသခံတွေ အနေနဲ့ နဂိုနေရာမှာ ပြန်လည်နေထိုင်ဖို့ အဆင်မပြေသေးသလို ယာယီနေထိုင်နိုင်မယ့် နေရာတွေကိုလည်း မစီစဉ်နိုင်သေးတဲ့ အနေအထားတွေ့ရပါတယ်။ ဒီကနေ့မှာ ဆိုရင် အလှူရှင်တချို့ လှူဒါန်းပေးပို့တာတွေ တဖြေးဖြေး ရောက်ရှိလာတာ တွေ့ရပါတယ်။
ဒေသခံတွေ အတွက် အဓိကအခက်အခဲမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် ငွေကြေးလိုအပ်ချက် ဖြစ်တယ်လို့ အလှူအတွက် လက်ခံဆောင်ရွက်ပေးနေတဲ့ ကော်မတီဝင်တချို့ထံက သိရပါတယ်။
စစ်ကောင်စီမီဒီယာတွေ ကတော့ ရွာသားတွေက ကိုယ့်ရွာကိုယ် မီးရှို့ဖျက်ဆီးပစ်တာလို့ အကြိမ်အကြိမ် ထုတ်လွှင့်နေပါတယ်။
Photo - Ma Ma Lay / MPA