မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ဒီကနေ့ ဇွန်လ ၂၁ ရက် မနက်ပိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်နေသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ကိုဗစ်အတည်ပြုလူတွေနဲ့ အဓိက ထိတွေ့ထားတဲ့သူ ၁၆ ဦးကို ရောဂါပိုး စစ်ဆေးရာကနေ ၁၄ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာပါ။
ရောဂါပိုးတွေ့ရှိသူ ၁၄ ဦးမှာ ၁၃ ဦးဟာ သထုံမြို့နယ် ပေါ်တော်မူကျေးရွာနေသူ ကိုဗစ်လူနာနဲ့ ထိတွေ့ထားသူတွေဖြစ်ပြီး ကျန်တစ်ဦးကတော့ သထုံမြို့နန်းခဲရပ်ကွက် နန်းတော်ကုန်းသာသနာ့ရိပ်သာကျောင်းမှ ဆရာလေးတစ်ပါးဖြစ်ပြီး အနံ့ပျောက်လို့ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သထုံမြို့နယ်မှာတော့ ဇွန်လ ၂၁ နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၂၀ ကျော်ထိ ရှိလာခဲ့တာပါ။