မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကေအိုင်အေနဲ့ တခြား PDF အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ အမြစ်ပြတ်တိုက်ခိုက်သွားမယ်လို့ ဇွန်လ ၂၀ ရက်မှာ ကြေညာပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဘေးအန္တရာယ်ကနေ ပြည်သူလူထုကို ကာကွယ်ပေးဖို့ မိုးကုတ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို မိုးကုတ်ဒေသခံ လူငယ်တွေက မေလ ၂၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီတပ်နဲ့ လက်ပါးစေတွေကို မိုးကုတ် PDFက နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အတူတကွ ပါဝင်ပူးပေါင်း ကြဖို့ တိုက်တွန်းထားပါတယ်။