စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာပင်မသပိတ် ဦးဆောင်ကော်မတီရဲ့ ဆိုင်ကယ်သပိတ်စစ်ကြောင်းဟာ ဇွန် ၂၁ ရက် မနက်ပိုင်းက ငြိမ်းချမ်းစွာ စုဝေးချီတက် ဆန္ဒပြခဲ့ ကြပါတယ်။
ပင်မသပိတ်စစ်ကြောင်းက ဗိုလ်ချုပ်လမ်းမြို့လယ် မီးပွိုင့်အထိ စုဝေးချီတက်ခဲ့ပြီး မီးပွိုင့်မှာ ခေတ္တရပ်နားကာ ဟွန်းတီးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
မုံရွာပင်မသပိတ်စစ်ကြောင်းက စစ်ကောင်စီအာဏာစသိမ်းစဉ်ကနေ ဒီနေ့အထိ နေ့စဉ် ရက်မပျက် နည်းလမ်းမျိုးစုံနဲ့ စုဝေးချီတက်နေတာဖြစ်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက် တော်လှန်နေကြတာလည်း ဖြစ်ပါတယ်။
ဒီနေ့လုပ်တဲ့ ဆိုင်ကယ်သပိတ်စစ်ကြောင်းကိုတော့ အထိအခိုက်အမရှိ အောင်မြင်စွာ လူစု ခွဲနိုင်ခဲ့ကြပါတယ်။