ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် “ငါတို့ရဲ့နိုင်ငံတော်”ပန်းချီကား ကျပ် ၈၃ သိန်းဖြင့် လေလံအောင်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်ပြည့် အထိမ်းအမှတ် ပန်းချီကားတကားကို လေလံတင်ခဲ့ရာမှာ ကျပ် ၈၃ သိန်းနဲ့ အမြင့်ဆုံးပေး ဝယ်ယူခဲ့သူ ပေါ်ထွက်လာခဲ့ပါတယ်။

 “Our State | ငါတို့ရဲ့နိုင်ငံတော်”လို့ အမည်ပေးထားတဲ့ ၁၀"x၁၂" အရွယ် ဒီ Acrylic ပန်းချီကားကတော့ ပန်းချီဆရာနန္ဒက ရေးဆွဲထားတာဖြစ်ပြီး ကြမ်းခင်းဈေး ကျပ် ၃ သိန်းနဲ့ လေလံဈေး စခေါ်ခဲ့တာပါ။

လေလံဆွဲဝယ်ယူလိုသူတွေအနေနဲ့ ဈေးတကြိမ်တိုးပေးတိုင်း အနည်းဆုံး ၁၀,၀၀၀ ကျပ် တိုးပေးကာ ပါဝင်နိုင်မှာဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့‌ဖြစ်တဲ့ ဇွန် ၁၉ ရက် ညနေ ၆ နာရီမှာ အများဆုံး လေလံဈေးပေးထားသူကို ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

ပန်းချီကားရောင်းရငွေရဲ့ ၁၀၀ ရာခိုင်နှုန်းလုံးကိုတော့ Reds Vote NLD မှတဆင့်   ပန်းချီဆရာနဲ့ ဝယ်ယူသူ နှစ်ယောက်နာမည်နဲ့ စီစဉ်လှူဒါန်းပေးမှာ ဖြစ်တယ်လို့ ဖော်ပြထားပြီး လေလံဈေးဖွင့်တဲ့ အချိန်ပိုင်းအတွင်းမှာပဲ ဈေးတိုးမြှင့်ဝယ်ယူမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up