စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချိုင်ကျေးရွာမှာ ၃ နှစ်အရွယ် ကလေးငယ် တစ်ယောက်အပါအဝင် ၅ ရွာသား ယောက်မှာ ကိုဗစ်- ၁၉ ပိုး စစ်ဆေးတွေ့ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“လေးမြေရွာ မင်္ဂလာဆောင်သွားပြီး ပြန်တာသူ ၅ ယောက်မှာ ပိုးတွေ့တာ။ အဲဒီ မင်္ဂလာဆောင်လုပ်တာကလည်း တမူးမြို့နယ် ခန်းပတ်ကနေလာပြီး မင်္ဂလာဆောင် တာကနေ ကူးတာပေါ့။ ကနီမြို့မှာသွား ဆေးစစ်ကြည့်တော့ ပိုးတွေတာ” ။
ဇွန်လ ၁၇ ရက်နေ့က လူအယောက် ၂၀ ကို ကိုဗစ်-၁၉ စစ်ဆေးကြည့်တာမှာ ၅ ယောက်ပိုးတွေ့တာဖြစ်ပြီး အားလုံးကို ကနီမြို့နယ်ခန်းမကြီးထဲမှာထားပြီကုသပေးနေတယ်လို့ ချိုင်ကျေးရွာပြည်သူ တစ်ဦးကပြောပါတယ်။
ကနီမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်က ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ အယောက် ၂၀ ရှိခဲ့ပြီး အခု ၂၀၂၁ ခုနှစ်မှာ အခု ၅ ယောက် ပထမဆုံးအသုတ်တွေ့ရှိတာ ဖြစ်ပါတယ်။