ကလေးမြို့တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး
DVB
·
June 17, 2021
စစ်ကိုင်းတိုင်း၊ ကလေးမြို့ဆေးရုံကြီးမှာ ကိုဗစ်- ၁၉ လူနာ တစ်ယောက် ဇွန် ၁၇ ရက် မနက်ပိုင်းက သေဆုံးခဲ့တယ်လို့ ကလေးမြို့ခံ ပရဟိတလုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
အပြင်မှာသေဆုံးတာ ၆ ယောက်လို့ ကြားရပေမဲ့ အတည်ပြုလို့ မရပါဘူး။ ကလေးမြို့ ဆေးရုံမှာ အောက်ဆီဂျင်လုံလောက်မရှိပေမဲ့ ကူးစက်လူနာတွေ များလာတယ်လို့လည်း ပရဟိတလုပ်နေသူက ပြောပါတယ်။
Stay at Home ကြေညာထားတဲ့ ကလေးမြို့က ကိုဗစ်- ၁၉ စင်တာမှာ ကိုဗစ်ပိုးတွေ့လူနာ ၂၁၆ ဦး ရှိပြီး ပြည်သူ့ဆေးရုံကြီးမှာ ၈ ဦးရှိကာ သေဆုံးသူစုစုပေါင်း အယောက် ၃၀ ကျော် ရှိပြီ လို့သိရပါတယ်။