Home
မြန်မာသတင်း
ကန်ကြီးထောင့်မြို့မှာ ဆရာ ဆရာမ ၃၀ ဦး CDM မှာ ထပ်မံပါဝင်လာ
DVB
·
June 17, 2021

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဆရာ၊ ဆရာမ အယောက်  ၃၀  စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ထပ်မံပါဝင်လာတယ်လို့ သိရပါတယ်။

ဇွန်လ ပထမပတ်ကနေ CDM မှာ စတင်ပါဝင်လာတာဖြစ်ပြီး CDM ဝန်ထမ်းအဖြစ် အသိမှတ်ပြုခံရဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆရာမတဦးက ပြော ပါတယ်။

"ရှောင်တိမ်းဖို့ ပုန်းစရာနေရာမရှိတာကြောင့် အစပိုင်းက မပါဝင်ခဲ့ဖြစ်တာ။ ခုတော့ ကျောင်းတွေပြန်ဖွင့်နေပြီဆိုတော့ မလုပ်လို့ မဖြစ်တော့တာကြောင့် ပါဝင်ရတာပါ''လို့ ပြောပါတယ်။

CDM မှာမပါဝင်ဘဲ စာဆက်သင်နေဖို့အတွက် လက်နက်တွေကိုင်ပြီး ကျောင်းဝင်းထဲရှိနေတဲ့ အကြမ်းဖက်စစ်သားတွေကြောင့် မလုံခြုံသလိုခံစားရပြီး ကလေးတွေအတွက်လည်း စိတ်ပူရတာကြောင့် ခုလိုရွေးချယ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကန်ကြီးထောင့်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM မှာပါဝင်ခဲ့တဲ့ ဆရာ ဆရာမများစွာရှိပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးတာတွေ ဖိအားပေးတာတွေကြောင့် CDM ဆရာ ဆရာမ ၈၅ ဦးသာကျန်ရှိချိန်မှာ နောက်ထပ် ၃၀ ဦး ပါဝင်လာတာလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024