Home
မြန်မာသတင်း
မြန်မာစစ်တပ်က ကြောက်မက်ဖွယ်ရာဇဝတ်မှုများဆက်ကျူးလွန်နေဟု ဗြိတိန်သံအမတ်ပြော
DVB
·
June 16, 2021

မြန်မာစစ်တပ်ဟာ ကြောက်မက်ဖွယ်ရာဇဝတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက  ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၅ ရက်က မကွေးတိုင်း၊  ပေါက်မြို့နယ်၊ ကင်းမရွာ တစ်ရွာလုံးကို   အကြမ်းဖက်စစ်တပ်က မီးရှို့လိုက်တာနဲ့ပတ်သက်ပြီး ဗြိတိန်သံအမတ်ဒန်ချက်က ပြောဆိုတာပါ။

မကွေးမြို့က ကျေးရွာတရွာလုံးကို စစ်တပ်က မီးရှို့ပြီး သက်ကြီးရွယ်အိုတချို့ မီးလောင်သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေအရ စစ်တပ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေကို ဆက်လက်ကျူးလွန်နေကြောင်းနဲ့  မြန်မာပြည်သူတွေအပေါ် အလေးထားမှုမရှိကြောင်း ထပ်လောင်းဖော်ပြနေတာပဲ ဖြစ်တယ်လို့ သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မကွေးတိုင်း၊  ပေါက်မြို့နယ်၊ ကင်းမရွာကို ဇွန် ၁၅ ရက် ညနေပိုင်းက အကြမ်းဖက်စစ်တပ်က  မီးရှို့ဖျက်ဆီးခဲ့ရာမှာ အသက် ၉၀ ဝန်းကျင် သက်ကြီးရွယ်အို အဘိုး၊ အဘွား လင်မယားနှစ်ယောက်မီးလောင်ကျွမ်း သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် ကင်းမရွာကို စစ်တပ်က ဝင်ရောက်မီးရှို့တာကြောင့် အိမ်ခြေ ၂၄၀ လောက်ရှိတဲ့အနက် ၁၅ အိမ်လောက်သာကျန်ပြီး တစ်ရွာလုံးမီးလောင်ကျွမ်းပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024