ဧရာဝတီတိုင်း၊ ဖျာပုံမြို့က အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။
အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားကို ည ၇ နာရီခွဲလောက်မှာ ဆိုင်ကယ်နဲ့ လာပစ်သွားပြီး မကြာခင်ထပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲသံကို တော်တော်ဝေးဝေးကကြားရပေမယ့် လူထိခိုက် ဒဏ်ရာရရှိတာမရှိဘူးလို့ ဆိုပါတယ်။
ဗုံးပေါက်ပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့သလို မြို့ပေါ်လုံခြုံရေးလည်း တင်းကြပ်ထားတယ်လို့ သိရပါတယ်။
ဖျာပုံမြို့မှာ ဇွန်လ ၁၁ ရက်နေ့ကလည်း တရားရုံးနဲ့ အရာရှိရိပ်သာနား ဗုံးပေါက်ကွဲခဲ့ပါတယ်။