ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်တွေထဲကို ဇွန် ၁၄ ရက် နေ့ခင်း ၁ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်စစ်တပ်နဲ့ ရဲတွေက ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ညနေပိုင်းအထိ စစ်ဆေးရှာဖွေနေကြတာဖြစ်ပြီး ဘာကြောင့် ဘယ်သူ့ကို ရှာဖွေနေတယ်ဆိုတာ မသိရဘဲ ညနေခင်းမှာ ဒေသခံတစ်ဦးဖမ်းဆီးခံရတယ်လို့ သတင်းထွက်နေပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အခု ရက်ပိုင်း ဗန်းမော်မြို့မှာ ဆိုင်ကယ်တွေ၊ ကားတွေကိုလည်း စစ်တပ်နဲ့ ရဲတွေက တင်းကျပ်စစ်ဆေးမှုတွေ အချိန်မရွေး ပြုလုပ်နေတာကြောင့် ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။