မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဗမွန်ရပ်ကွက်က သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးရဲ့ ဇနီးနဲ့ သမီး ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၁၃ ရက်နေ့မွန်းလွဲပိုင်း ဝရမ်းစာရွက်လာကပ်ပြီးနောက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေကပြောပါတယ်။
ဦးစိုးဋ္ဌေးရဲ့ဇနီး၊ အသက် ၃ နှစ်အရွယ် သမီးငယ်နဲ့ တက္ကသိုလ်တက်နေတဲ့ သမီးတစ်ယောက် စုစုပေါင်းသုံးယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇွန်လ ၁၄ ရက်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။
ဒီနေ့မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ဦးစိုးဋ္ဌေးရဲ့ နေအိမ်ကို ကား ၂ စီးနဲ့ထပ်မံလာရောက်ခဲ့ပြီး နေအိမ်တံခါးတွေကို ဖျက်ဆီးသွားတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။
သပိတ်ခေါင်းဆောင် ဦးစိုးဋ္ဌေးဟာ မိုးကုတ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့တာဖြစ်ပြီး တိမ်းရှောင်နေတာ ဖြစ်ပါတယ်။