ပြောက်ကျားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ မွေးနေ့ကို ဂုဏ်ပြုရင်း စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးသပိတ်ကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်ပြည်သူတွေ ဇွန်လ ၁၄ ရက်မနက်က ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပြည်သူတွေ ချေဂွေဗားရားရဲ့ အဆိုမိန့်တွေထဲကတစ်ခုဖြစ်တဲ့ "သပိတ်စုံ သူပုန်ထ"စာသားပါဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လမ်းမတွေပေါ် ချီတက်ကာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး သပိတ်ပြုလုပ်ခဲ့တာပါ။
ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူးပေါင်းသပိတ်ဟာ စစ်အာဏာရှင်တော်လှန်ရေးသပိတ်ဆင်နွှဲလာခဲ့တာ ရက်ပေါင်း ၉၆ ရက်ရှိပြီဖြစ်ပြီး ဒီကနေ့ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာလည်း အင်အား ထောင်ချီ ပါဝင် ဆန္ဒပြခဲ့ပါတယ်။