မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းဇုန်မှာ ဇွန်လ ၁၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးအတွက် လူဦးရေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ အနောက်မြောက်ပိုင်းဇုန်မှာရှိတဲ့ ဒေသခံပြည်သူ ရာနဲ့ချီပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးအတွက် နေ့စဉ် အလံမလိပ်၊ အသံမတိတ်ချီတက်ဆန္ဒပြခဲ့တာလို့ သပိတ်ကော်မတီတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မတ်လ ၁၁ ရက်က မြိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်လို့ ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ၆ ယောက်အပါဝင် နိုင်ငံတဝန်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် တော်လှန်သွားမယ်လို့လည်း သပိတ်ကော်မတီက ပြောပါတယ်။