ယူရို ၂၀၂၀ အုပ်စုအဖွင့်ပွဲစဉ် အင်္ဂလန်၊ နယ်သာလန်နှင့် ဩစထြီးယားတို့ နိုင်ပွဲရ

ဇွန်လ ၁၃ ရက်ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ  အုပ်စု (ဒီ) အဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ခရိုအေးရှားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ကန်သွင်းခွင့်တွေမှာ နှစ်သင်း စလုံးအတူတူလောက် ရရှိခဲ့ပြီး အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကိုတော့  ဒုတိယပိုင်းပွဲချိန် ၅၇ မိနစ်မှာ တိုက်စစ်မှူး စတာလင်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အုပ်စု (စီ) အဖွင့်ပွဲစဉ်တွေမှာတော့ နယ်သာလန်က ယူကရိန်းကို ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဩစထြီးယားက မြောက်ပိုင်းမက်ဆီဒိုးနီးယားအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရသွားပါတယ်။ 

ဒီကနေ့ ဇွန်လ ၁၄ ရက်မှာတော့ အုပ်စု (ဒီ) က စတော့တလန်နဲ့ ချက် ၊ အုပ်စု (အီး)က စပိန်နဲ့ ဆွီဒင်၊ ပိုလန်နဲ့  စလိုဗက်ကီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up