စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ ဇွန်လ ၁၃ ရက် နေ့လယ် ၁၂ နာရီလောက်က မြို့နယ်စည်ပင်သာယာရုံးအတွင်းကို ဆိုင်ကယ်စီးလူနှစ်ဦးက ဗုံးနဲ့ပစ်ပေါက်သွားလို့ ပေါက်ကွဲမှုဖြစ်ပြီး ရုံး အုတ်နံရံအက်ကွဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ စည်ပင်သာယာရေးကော်မတီဟာ စည်းကြပ်ခွန်၊ လိုင်စင် စတဲ့ အခွန်အမျိုးမျိုးကို အတင်းအကျပ် ကောက်ခံနေတဲ့အပြင်၊ လိုင်စင်မဲ့ သားသတ်တာတွေကိုလည်း အတင်းအဓမ္မလိုက်လံဖမ်းဆီးပြီး အဆမတန်ဒဏ်ငွေရိုက်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စည်ပင်ရုံးပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကိုင် စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး စစ်ဆေးနေပါတယ်။