တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းဟာ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ အင်္ကျီအဖြူတွေ ဝတ်ဆင်ပြီး ဒီကနေ့ ဇွန် ၁၃ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုလည်း ထောက်ခံကြောင်းနဲ့ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။