မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းအရပ်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်ကိုစောပြည့်နိုင် သုံးလပြည့် အောက်မေ့သတိရခြင်း အခမ်းအနားကို ဇွန် ၁၃ ရက် မနက်ပိုင်းက ဗကသများ အဖွဲ့ချုပ် က ဦးဆောင် ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ လွမ်းသူ့ ပန်းခွေချတာ၊ အလေးပြုတာနဲ့ ရဲဘော်ကိုစောပြည့်နိုင်နဲ့တကွ ပြည်သူ့ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးအာဇာနည်တိုင်းအတွက် ဒီမိုကရေစီရေးတိုက်ပွဲကို ဆုံးခန်းတိုင် တိုက်ပွဲ၀င်မယ့်အကြောင်း ကတိပြုခဲ့ကြပါတယ်။
မတ် ၁၃ က စိန်ပန်းရပ် ၄၁ လမ်းက တပ်ပေါင်းစုသပိတ် ဖြိုခွဲခံရတဲ့ဖြစ်စဉ်မှာ အသက် ၂၁ နှစ်ရှိ ကိုစောပြည့်နိုင်ဟာ စစ်ကောင်စီရဲ့အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ညာ ဝမ်းဗိုက် ကျည်မှန်ပြီး ကျဆုံးခဲ့တာပါ။