အရာတော်မြို့နယ်တွင် လူငယ်၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ
DVB
·
June 12, 2021
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဆိပ်ဖူးကြီးကျေးရွာမှာ လူငယ် ၂ ယောက်ကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဇွန်လ ၁၀ ရက်နေ့မှာ ရိုက်နှက် ဖမ်းဆီးသွားပါတယ်။
လူငယ်နှစ်ယောက်ကို ရဲတွေက ဆိပ်ဖူးကြီးရွာမှာလာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဒလန်က သတင်းပေးလိုက်လို့ သူတို့ကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲ နှိပ်စက်ရိုက်နှက် ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံခဲ့တဲ့ လူငယ်နှစ်ဦးကတော့ မုံရွာမြို့ နန္ဒာဝန်ရပ်ကွက်နေ ကျော်မျိုးသူ (၂၆) နှစ်နဲ့ အရာတော်မြို့နယ်၊ ရဲချင်းကျေးရွာနေ လေပွေ(ခ)မင်းဇော်ထွန်း (၂၆) နှစ်တို့ ဖြစ်ကြပါတယ်။