ကလေးသူငယ်တွေအပေါ် မြန်မာစစ်ကောင်စီက ဆက်လက်အင်အားသုံးနေမှုအပေါ် အလွန်အမင်းစိုးရိမ်ပြီး ကလေးသူငယ်တွေနဲ့ လူငယ်တွေအပေါ် အကြမ်းဖက်မှုကို ရှောင်ကြဉ်ကာ အန္တရာယ်ရှိတဲ့နေရာတွေကနေ ကာကွယ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
နယူးယောက်မြို့က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီဒူဂျာရစ်က ပြောသွားတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေက ကလေးငယ် ၅၆ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ထုတ်ပြန်ထားပါတယ်။