Home
မြန်မာသတင်း
ဘားအံတရားရုံးက ငြိမ်းချမ်းစွာဆန္ဒပြသူ ၃၆ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
DVB
·
June 11, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရသူ ၃၆ ဦးကို မြို့နယ်တရားရုံးက ဇွန် ၁၁ ရက် ဒီမနက်ပိုင်းမှာ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြစစ်ကြောင်းကို တပ်နဲ့ရဲတွေက အင်အားသုံးပြီး အမှတ် ၅ ရပ်ကွက်၊ ဉယျာဉ် ၃ လမ်း၊   မြို့မရဲစခန်းရှေ့နဲ့ အမှတ် ၄ ရပ်ကွက်၊ ကမ်းနားလမ်း( ညဈေးအနီး) နေရာတွေမှာ အင်းအားသုံးဖမ်းဆီးတာ၊ မျက်ရည်ယိုဗုံးနဲ့ပစ်ခတ်ဖြိုခွင်တာတွေကြောင့်  ဖမ်းဆီးခံခဲ့ရသူ  ၈၀ ရှိပြီး ဒီအထဲက  ၃၆ ယောက်ကို အမိန့်ချခဲ့တာပါ။ 

ရုံးချိန်း ၈ ကြိမ်လောက်မှာ  အမိန့်ချလိုက်တာလို့ ညီမ ဖြစ်သူထောင်ချခံရတာနဲ့ပတ်သက်ပြီး အကိုဖြစ်သူတစ်ဦးက ပြောပါတယ်။

"လူငယ်တွေ လူ့အခွင့်အရေးအရ ဆန္ဒပြတောင်းဆိုခွင့်ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မတရားပုဒ်မတပ် ထောင်ချလို့ လူငယ်တွေက နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ ဖိလေ ကြွလေပဲ။ ဒါက အနာဂတ်လူငယ်တွေရဲ့ သမိုင်းပဲ "လို့ ဆိုပါတယ်။

မတ်လ ၁ ရက် ညနေပိုင်းက ဘားအံမြိုနယ်တရားရုံးမှာပဲ  ဖမ်းဆီးခံရသူ အယောက် ၈၀ ကို  ရမန်ယူရုံးထုတ်ခဲ့ကာ အသက်မပြည့်တဲ့ လူငယ် ၁၅ ယောက်ကိုတော့  အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။

ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံထားရသူတချို့ ချုပ်ရမန်ယူပြီး တရားရင်ဆိုင်နေရသလို ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ချခံနေရသူတွေအပြင် မိသားစုနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024