ဖမ်းဆီးခံ ရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော်ကို မက္ကဆီကို ကယ်တင်

photo-Reuters

မက္ကဆီကိုအာဏာပိုင်တွေဟာ ဇွန် ၉ ရက်က  နယ်စပ်မြို့ Ciudad Juarez မှာ လူကုန်ကူးသူတွေ ဖမ်းဆီးထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၀၆ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ ပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘရာဇီး၊ အယ်လ်ဆာဗေးဒေါ၊ ဟွန်ဒူးရပ်စ်၊ ဂွာတီမာလာနဲ့ မက္ကဆီကိုတို့က ဖြစ်ပါတယ်။ 

ရွှေ့ပြောင်း အလုပ်သမားတွေကို ၅ ပေပတ်လည် အခန်းတွေမှာ အပြည့်အသိပ် ထည့်ထားပြီး လူစဉ်မမီတဲ့ပုံစံမျိုး ထား ထားတယ်လို့  ဆီဒါ့ဟွာရက်ဇ်မြို့ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန အတွင်းရေးမှူးက သူတို့ထိန်းသိမ်းခံထားရတဲ့အခြေအနေကို မီဒီယာကို ပြောပြ ပါတယ်။ 

ခု သူတို့ဟာ ဒီမြို့ရဲ့ ပုံမှန်အပူချိန်အပြင် ရေဓာတ်ခန်းခြောက်တာကိုလဲ ခံစားနေရတယ်လို့ ဆိုပါတယ်။ 

ဒီစစ်ဆင်ရေးဟာ ဒေသတွင်းမှာ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ခရီးစဉ်အပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ စိန်ခေါ်မှုကို ဖြေရှင်းဖို့ တာဝန်ပေးထားတဲ့ ဒုသမ္မတ ကမလာဟဲရစ်ကို ဒီအရေးနဲ့ပတ်သက်ပြီး ရီပတ်ဘလီကန်ရော ဒီမိုကရက်ပါ  နှစ်ဖက်လုံးက ဖိအားပေးနေကြပါတယ်။ 

ဂျိုးဘိုင်ဒင် ဇန်နဝါရီလက တာဝန်ယူချိန်ကတည်းက အမေရိကန် ပြည်ထောင်စုကို တရားမ၀င် ၀င်ရောက်မှုဟာ ခပ်စိပ်စိပ် ဖြစ်လာပြီး ဒီအရေးကို တားဆီးဖို့ ဝါရှင်တန်အစိုးရက မက္ကဆီကိုအပေါ် အားကိုးနေရပါတယ်။

အခုထိန်းသိမ်းရေးစခန်းမှာရှိတဲ့ နောက်ဆုံးအသုတ်ရဲ့ကံကြမ္မာကို မက္ကဆီကိုက ဆုံးဖြတ်ပေး ရမှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up