မြင်းခြံမြို့၌ ဆိုင်ကယ်စစ်ဆေးနေစဉ် ဗုံးကွဲ
DVB
·
June 11, 2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဇွန် ၁၁ ရက် ဒီနေ့မနက် ၉ နာရီကျော်က အမှတ် ၁၉ ရပ်ကွက်ရုံးအနီး ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
အမှတ် ၁၉ ရပ်ကွက်ရုံးအနီး ဒဏ္ဏာရီ လက်ဖက်ရည်ဆိုင်လမ်းထောင့်နားမှာ ယာဉ်ထိန်းရဲတွေနဲ့ ရဲတပ်ဖွဲ့က ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးနေချိန်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။