Home
မြန်မာသတင်း
ထိုင်းတွင် ကိုဗစ်-၁၉ ကြောင့် တရက်တည်းလူ ၄၃ ဦး သေဆုံးပြီး စံချိန်တင်
DVB
·
June 10, 2021

ထိုင်းနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၃ ယောက်နဲ့ ဇွန်လရဲ့ အမြင့်ဆုံးစံချိန်တင်သေဆုံးမှု ဖြစ်လာခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

တရက်အတွင်း ရောဂါကူးစက်ခံရသူအရေအတွက်ဟာလည်း ၂,၃၁၀ ယောက်ထိ ရှိခဲ့ပြီး အဲဒီထဲက ၁၀၂ ယောက်ကတော့ အကျဉ်းထောင်တွေထဲကဖြစ်တယ်လို့ ထိုင်းပြည် သူ့ကျန်းမာရေးဝန်ကြီးက ဒီကနေ့မနက်ပိုင်းမှာ အတည်ပြုပြောဆိုပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၃,၀၃၅ ယောက်ရှိခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူပေါင်း ၁၈၇,၅၃၈ ယောက်၊ သေဆုံးသူ ပေါင်း ၁,၃၇၅ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးအဆင့် ၄ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါသန်းနဲ့ချီ ကူးစက်မှုအမြင့်ဆုံး နိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက ထိပ်ဆုံးမှာ ရှိပါတယ်။ 

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁၇၅ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူအရေအတွက်ကတော့ ၃ ဒသမ ၇ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၁၅၈ ဒသမ ၆ သန်းကျော် ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024