ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်း သတိပဋ္ဌာန်လမ်းမှာ ဇွန်လ ၈ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
ဒေါ်စိုးစိုးလွင်ဟာ သူ့ရဲ့ ကားအတွင်းမှာရှိနေစဉ် သေနတ်သမားက အနီးကပ်ပစ်သွားတာဖြစ်ပြီး လူနာတင်ကားနဲ့ ဆေးရုံသို့ပို့ဆောင်ထားတယ်လို့ ကျောက်မြောင်း ဒေသခံတွေကထံက သိရ ပါတယ်။
သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲနဲ့စစ်တပ် လက်နက်ကိုင်အဖွဲ့တွေ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးနေသလို လမ်းတွေကိုလည်း ဝင်ထွက်ခွင့်မပေးဘဲ ပိတ်ထားပါတယ်။
တာမွေမြို့နယ် ကျောက်မြောင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူငယ်တွေ၊ သံပုံးတီးဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့စစ်တပ်တွေ နေ့စဉ်လာရောက်ရှာဖွေဖမ်းဆီး ဧည့်စာရင်းစစ်နေရာမှာ အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်ဟာ အဓိကသတင်းပေး ကိုယ်တိုင်ပါဝင် ဆောင်ရွက် နေသူ တစ်ဦးဖြစ်တယ်လို့လည်း ရပ်ကွက်အတွင်းမှာ လူသိများပါတယ်။
PHOTO- CREDIT