စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာအနီးက စည်စွဲတောင်မှာ ဇွန်လ ၆ ရက်မနက်က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံ ၁ ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်ဟာ ဇွန် ၆ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က စည်လှောင်ရွာဘက်ကို ခြေလျင်တက်လာတာဖြစ်ပြီး စည်လှောင်ရွာအနီးက စည်စွဲတောင်အနားမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်မှု စတင်ခဲ့တာဖြစ်ပွားခဲ့တာပါ။
“စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာတွေရှိတယ်။ စနိုက်ပါနဲ့ ပစ်ခံရလို့ စည်လှောင်ကျေးရွာက ကိုရင်မောင်ကတော့ လည်ကုပ် ၁ ချက်နဲ့ လက်ပြင် ၁ ချက်ထိပြီး သေဆုံးသွားတယ်။ သူ့အသက်ကတော့ ၁၇-၁၈ ဝန်းကျင်လောက်ပဲ ရှိမယ်”လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ ဒေသခံပြည်သူ ၁ ဦးထက်မနည်း ဒဏ်ရာရရှိထားတယ်လို့ သိရပြီး ပစ်ခတ်မှုတွေကတော့ ဖြစ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က စစ်အင်အား ထပ်မံဖြည့်တင်းမှုတွေ ရှိနေသလို ပစ်ခတ်မှုတွေကြောင့် အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ အိမ်မှာမနေရဲဘဲ ထွက်ပြေးနေကြရပါတယ်။