မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒန်းမြို့မှာ ဆိုင်ကယ်စီး လူငယ် ၃ ယောက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့လိုက်လံပစ်ခတ်ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမဲ့ လူငယ်တွေကို ထိခိုက်မှုမရှိဘဲ ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၄ ရက်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ ယောက်ဟာ ပဒါန်းမြို့ ရွာမကြီးထဲက ဆိုင်ကယ်စီးလာတဲ့ လူငယ်သုံးယောက်ကို တာဆီးရာမှာ ရပ်မပေးတာကြောင့် ဆိုင်ကယ်ကို ဆောင့်ကန်လိုက်ရာ ဆိုင်ကယ်လဲသွာတဲ့အချိန်မှာ လူငယ်တွေက လမ်းဘေးကကျောက်ခဲနဲ့ ပြန်လည်ခုခံတာကြောင့် စစ်သားတစ်ယောက် ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဒီနောက် စစ်သားတွေက သေနတ်နဲ့လိုက်လံပစ်ခတ်ခဲရာမှာ ထိခိုက်မှုမရှိဘဲ အဆိုပါ လူငယ် ၃ ယောက် ထွက်ပြေး လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
လူငယ်တွေဆိုင်ကယ်လဲတဲ့နေရာမှာ ဖုန်းတစ်လုံးကျကျန်ခဲ့ပြီး အဲဒီဖုန်းထဲမှာ ဆန္ဒပြတဲ့မှတ်တမ်းတွေ တွေ့သွားတာကြောင့် ဇွန် ၅ ရက်နေ့မှာ စစ်တပ်က မိဘတွေကို ခေါ်ယူကာ သူတို့ပြန်လာရင် အကြောင်းကြားဖို့ ခေါ်ယူပြောဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ထပ်ဖမ်းမှာစိုးတဲ့အတွက် မိဘတွေပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။