လှိုင်သာယာမြို့နယ် အမှတ် (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးပေါက်
DVB
·
June 5, 2021
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အရှေ့မှာ ဇွန်လ ၅ ရက်နေ့ မနက် ၅ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
လူခြေတိတ်ချိန်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဗုံးကွဲချိန်မှာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က လာရောက်ရှာဖွေ ရှင်းလင်း စစ်ဆေးနေပါတယ်။