မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ မေလ ၄ ရက် ညပိုင်းအထိ နှမ်းခါးရွာ၊ မွှေ့လယ်ရွာ၊ ရဲလှရွာအပါဝင် ကျေးရွာ ၅ ရွာလောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေနေတာကြောင့် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ မနက် ၇ နာရီလောက်ကတည်းက သေနတ်နဲ့ပစ်ပြီး နေအိမ်တွေကို အကုန်ဝင်ရောက်ရှာဖွေကာ ရွှေ၊ ငွေပစ္စည်းတွေ ယူသွားတယ်လို့ နှမ်းခါးရွာသား တစ်ယောက်က ပြောပါတယ်။
လက်နက်ရှာတာကို အကြောင်းပြပြီးတော့ ပြည်သူတွေဆီက ရွှေထည်ပစ္စည်းတွေ၊ ငွေကြေးနဲ့ ပိုက်ဆံတွေ အကုန်ယူသွားသလို မီးကြိုးတွေကိုလည်း ဓားနဲ့ဖြတ်သွားတဲ့အပြင် ဆိုင်ကယ် ၄ စီးကိုလည်း ယူဆောင်သွားတယ်လို့ဆိုပါတယ်။
အဲဒီလိုလာရောက်တာဟာ မေ ၃၁ ရက်က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး ၂ ယောက်နဲ့ ဒလန်ဝန်ထမ်း ၃ ယောက် အသတ်ခံရတဲ့ ကိစ္စနဲ့ ဆက်နွှယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။