ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ မြောက်ခုံးကျော်လမ်းမှာ ဇွန်လ ၄ ရက်နေ့ ည ၇ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်ဖွဲဝင်တွေရှိနေပြီး ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့လက်နက်ကိုင်တွေ ထပ်ရောက်လာကာ သေနတ်နဲ့ ပစ်ဖောက်၊ လမ်းသွားလမ်လာတွေကို ဆဲဆိုခဲ့ပြီး အနီးအနားမှာရှိတဲ့ လူငယ်တဦးကိုလည်း ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဖြူးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သတင်းပေးဒလန်ရဲ့ နေအိမ်အပါအဝင် နေရာတချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။