ရွှေပြည်သာမြို့နယ် အန်အယ်လ်ဒီ ပါတီဝင် ၁ ဦး အဖမ်းခံရ
DVB
·
June 4, 2021
ရန်ကုန် ရွှေပြည်သာမြို့နယ်က အန်အယ်လ်ဒီပါတီဝင် ကိုထိန်လင်းအောင်ကို ဇွန်လ ၄ ရက် ဒီမနက်အစောပိုင်း ၁ နာရီလောက်က အဖျောက်မြို့မှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။
သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖမ်းဝမ်းထုတ်ထားပြီး အဖျောက်မြို့မှာဖမ်းဆီးခံခဲ့ရတဲ့နောက် အခု ရွှေပြည်သာ လှော်ကားရဲစခန်းဆီကို ပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကိုထိန်လင်းအောင်နေထိုင်ရာ ရွှေပြည်သာမြို့က နေအိမ်ကို စစ်တပ်က ၃ ကြိမ်လောက်လာရှာခဲ့ပေမဲ့ မိသားစုလိုက် တိမ်းရှောင်နေတာကြောင့် ဖမ်းမမိခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။